2016 Asia-Yangon National Programming Contest နှင့် သက်ဆိုင်သော Up-to-date information များကို ဤ Page တွင် တင်ထားပေးမည် ဖြစ်ပါသည်။

About


ACM-ICPC

The ACM International Collegiate Programming Contest (ICPC) is a multi-tier, team-based, programming competition operating under the auspices of ACM and headquartered at Baylor University. The contest involves a global network of universities hosting regional competitions that advance teams to the ACM-ICPC World Finals. Participation has grown to several tens of thousands of the finest students and faculty in computing disciplines at most 2,330 universities from over 91 countries on six continents. The contest fosters creativity, teamwork, and innovation in building new software programs, and enables students to test their ability to perform under pressure. Quite simply, it is the oldest, largest, and most prestigious programming contest in the world.


Asia-Yangon National Programming Contest

UCSY is hosting the first 2016 ACM-ICPC Asia-Yangon Regional Contest under auspices of ACM. Prior to Asia-Yangon Regional Contest, UCSY will host Asia-Yangon National Programming Contest in June 2016 and University Programming Contest in May, 2016. UCSY invites teams across Myanmar to participate in National contest. Teams qualifying in the National contest can participate in the Asia-Yangon Regional Contest. The winner teams of the Asia-Yangon Regional Contest are eligible to participate in the World final.


Mission

UCSY aims to meet Asian students

  • to establish freindship to promote fair competition in programming and applications,
  • to solve problems with team work and
  • to carry out international level programmable talented students.




Registration


Registration to all teams will open from June 1, 2016 (Wednesday)

Registration date will close on June 19, 2016 (Sunday)
Please go to the Team Registration
** Register your teams at the official ICPC system **



Programming Environment

Each team at the contest will be provided with one PC with the following configuration:

  • IDEs
    • Eclipse
    • Netbeans

  • Languages
    • Java (jdk 1.7.0 and above)




Schedule


Day Date Time Event
Friday June 24, 2016 9:00 AM Arrival at UCSY and
Teams Registration
9:30 AM Opening Ceremony and
Teams Introduction
10:00 AM Technical Session
10:30 AM Coffee Break
11:30 AM Practice Session
Saturday June 25, 2016 8:30 AM Arrival at UCSY
9:00 AM Contest (5 hours)
2:00 PM Lunch Break
3:30 PM Awards and Closing Ceremony




Frequently Asked Questions


No, it is not possible to register a team without a coach.
No. As per the ICPC rules, it is compulsory to have a faculty member from the institution as a coach for the team.
No. It is not permitted for the national contest.
No, it is not permitted. A team should consist of 3 members. Also, a team can only have one coach per team.
Yes, A team should always be affiliated with one institution.
No, Only faculty staff members can be coaches.



Rules

All participants (contestants and coaches) must read and follow rigorously the contest rules in order to achieve a fair competition.

  • ပြိုင်ပွဲဝင်များနှင့် အသင်းများ အရည်အချင်းသတ်မှတ်ချက်
    1. ပြိုင်ပွဲဝင်(contestants) များသည် မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်မည့် တက္ကသိုလ်၊ ကောလိပ်တွင် တတ်ရောက်သင်ကြားနေသူ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ရပါမည်။

    2. ပြိုင်ပွဲဝင်များသည် နိုဝင်ဘာ ၁၊ ၂၀၁၆တွင် အသက် ၂၂ နှစ်မပြည့်သေးသူ ဖြစ်ရပါမည်။

    3. ပြိုင်ပွဲတွင် အသင်းလိုက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အသင်းတစ်သင်းလျှင် တက္ကသိုလ်၊ကောလိပ် တစ်ခုတည်းတွင် တတ်ရောက်နေသော ပြိုင်ပွဲဝင် ၃ဦး ပါဝင်ရပါမည်။ အသင်းကို မိမိတို့နှစ်သက်ရာ အမည်ပေးနိုင်ပါသည်။ (ဥပမာ UCSY-Digit, bYtEs, 1100011, etc)

    4. တက္ကသိုလ်၊ကောလိပ် တစ်ခုစီသည် မိမိတို့အတွက် သတ်မှတ်ထားသော အသင်းအရေအတွက်ထက်မပိုစေဘဲ ပြိုင်ပွဲဝင်အသင်းများ စေလွှတ်နိုင်ပါသည်။

    5. ပြိုင်ပွဲဝင်တစ်သင်းလျှင် အသင်းကြီးကြပ်သူ(coach) အနေဖြင့်တက္ကသိုလ်၊ကောလိပ် သင်ကြားရေး ဝန်ထမ်းတစ်ဦး လိုက်ပါရန် လိုအပ်ပါသည်။ အသင်းတစ်သင်းထက်ပိုသော တက္ကသိုလ်၊ကောလိပ်များ အနေဖြင့် အနည်းဆုံး ကြီးကြပ်သူတစ်ဦး လိုက်ပါရပါမည်။

  • ပြိုင်ပွဲမတိုင်ခင်
    1. ပြိုင်ပွဲကျင်းပရာခန်းမအတွင်းသို့ Electronic Devices (Calculator, Mobile Phone, USB stick, etc) များကို ယူဆောင်ခွင့် မပြုပါ။

    2. အသင်းတစ်သင်းလျှင် မိမိတို့နှစ်သက်ရာ Dictionary စာအုပ်တစ်အုပ်နှင့် အသုံးပြုရန် Stationary (pen, pencil, ruler, etc) များကို ယူဆောင်ခွင့် ပြုပါသည်။ ယင်းတို့ကို ပထမရက် အစမ်းလေ့ကျင့်ချိန် တွင် ယူဆောင်လာခဲ့ရမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပရာခန်းမအတွင်း ထားခဲ့ရမည်ဖြစ်ပါသည်။

    3. အကြမ်းအသုံးပြုရန်အတွက် အသင်းတစ်သင်းကို A4 စာရွက် အရွက်(၂၀) ကို ပြိုင်ပွဲကျင်းပသည့်နေ့ တွင် ထုတ်ပေးထားပါမည်။

    4. အသင်းအားလုံးသည် တူညီသော Hardware နှင့် Software ဖြင့် ယှဉ်ပြိုင်ကြရမည်။ ပြိုင်ပွဲတွင် အသုံးပြုမည့် Software Version များကို ပြိုင်ပွဲမကျင်းပမီ ၂ ပတ်အလိုတွင် Website ၌ ကြေငြာ ပေးပါမည်။

    5. ပြိုင်ပွဲဝင်အသင်းများသည် သတ်မှတ်ထားသော ဝတ်စုံကိုဝတ်ဆင်၍ ပြိုင်ပွဲဝင်ကြရပါမည်။ ယင်းဝတ်စုံ များကို ပထမနေ့ ပြိုင်ပွဲဝင်အသင်းများ မှတ်ပုံတင် Registration ချိန်တွင် ထုတ်ပေးပါမည်။

    6. ပြိုင်ပွဲကျင်းပရာခန်းမအတွင်းသို့ Team member ၃ဦးသာ ဝင်ခွင့် ပြုပါမည်။

  • ပြိုင်ပွဲကျင်းပစဉ်
    1. ပြိုင်ပွဲတွင် အနည်းဆုံး Problem ၁၀ ပုဒ်ကို ၅ နာရီအတွင်း ဖြေရှင်းရမည်ဖြစ်သည်။ ယင်း Problem ထဲမှ ၂ပုဒ်သည် ဒုတိယနှစ် ကွန်ပျူတာကျောင်းသား ကျောင်းသူများ လွယ်ကူစွာ ဖြေရှင်းနိုင်သော Problem များဖြစ်ပါသည်။

    2. ပြိုင်ပွဲတစ်ခုလုံးကို PC2 Auto Judging System အသုံးပြု၍ ကျင်းပမည်ဖြစ်သည်။ (ယင်း System အသုံးပြုနည်းများကို ပြိုင်ပွဲပထမရက် အစမ်းလေ့ကျင့်ချိန်တွင် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ Programming Logic Skill ကိုသာ လေ့ကျင့်ထားရန် လိုအပ်ပါသည်။)

    3. Problem တစ်ခုဖြေရှင်းပြီးတိုင်း ယင်း Source file ကို ချက်ခြင်း စစ်ဆေးရန် Judge များထံသို့ ပေးပို့ ရမည်။ Judge ထံမှ မှန်/မမှန် အဖြေကို အချိန်အနည်းငယ်အတွင်း သိရှိနိုင်ပါသည်။ မှန်ကန်ပါက ရရှိထားသော အဆင့်သည် ချက်ခြင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

    4. ပြိုင်ပွဲအတွင်း မေးခွန်းမရှင်းလင်းမှုများ၊ Judge အဆုံးအဖြတ်များ နှင့် ပြိုင်ပွဲနှင့်သက်ဆိုင်သော အခြားမေးမြန်းလိုသည်များကို PC2 System မှတဆင့် Judge များထံ မေးမြန်းနိုင်ပါသည်။ Judge များထံမှ request clarification ကို အချိန်အနည်းငယ်အတွင်း ပြန်လည်ရရှိပါမည်။

    5. ပြိုင်ပွဲဝင်နေစဉ် အသင်းတစ်သင်းနှင့် တစ်သင်း စကားပြောဆိုဆက်သွယ်ခြင်း လုံးဝမပြုလုပ်ရပါ။

    6. ပြိုင်ပွဲကျင်းပချိန်အတွင်း Print ထုတ်လိုပါက အသင်းတစ်သင်းလျှင် အများဆုံး A4 ၁၅မျက်နှာအထိ အခန်းစောင့် ဆရာ၊ဆရာမများအကူအညီဖြင့် ထုတ်ယူခွင့်ပြုပါသည်။

    7. ပြိုင်ပွဲကျင်းပချိန်ကို (၅)နာရီသတ်မှတ်ထားသော်လည်း မမျှော်လင့်သောအခြေအနေများဖြစ်ပါက ယင်းပွဲကျင်းပချိန်ကို Judge များနှင့် ပွဲကျင်းပရေးတာဝန်ခံတို့က ထပ်တိုးခွင့်ရှိပါသည်။

    8. ပြိုင်ပွဲကျင်းပနေစဉ်တလျှောက်လုံး ပြိုင်ပွဲဝင်အသင်းများ ရရှိသည့် အဆင့်များကို အချိန်နှင့်တပြေးညီ ထင်သာမြင်သာရှိအောင် Board ဖြင့် ပြသပေးထားပါမည်။

  • ပြိုင်ပွဲဝင်အသင်းများကို အဆင့်သတ်မှတ်ခြင်း
    1. အဆင့်သတ်မှတ်ရာတွင် မိမိအသင်းမှ ဖြေရှင်းနိုင်သော Problem အရေအတွက် အများအနည်းအလိုက် သတ်မှတ်ပါမည်။

    2. ဖြေရှင်းနိုင်သော Problem အရေအတွက် တူနေပါက Problem ဖြေရှင်းရန်ကြာသော အချိန်စုစုပေါင်း ဖြင့် အဆင့် သတ်မှတ်ပါမည်။

    3. အထက်ပါ ၂ ချက်နှင့် တူညီနေပါက နောက်ဆုံးဖြေရှင်းခဲ့သော Problem ကို ဖြေရှင်းသည့် အချိန်ဖြင့် ဆုံးဖြတ်ပါမည်။

    4. အကယ်၍ ထပ်တူနေသေးပါက ဒုတိယနောက်ဆုံး Problem ဖြေရှင်းသည့် အချိန်၊ တတိယနောက်ဆုံး Problem ဖြေရှင်းသည့် အချိန်၊ စတုတ္ထနောက်ဆုံး Problem ဖြေရှင်းသည့် အချိန် စသည်ဖြင့် အဆုံး အဖြတ်ပေးသွားမည် ဖြစ်ပါသည်။

  • ပြိုင်ပွဲပြီးနောက်
    1. ပြိုင်ပွဲနှင့်ပတ်သတ်၍ အဆင်မပြေမှုနှင့် မကျေနပ်ချက်များရှိပါက ပြိုင်ပွဲကျင်းပရေးတာဝန်ခံနှင့် Judge ဒိုင်များထံတွင် ပြိုင်ပွဲပြီးချိန်မှစ၍ မိနစ် ၃၀ အတွင်း တင်ပြနိုင်ပါသည်။

    2. ပြိုင်ပွဲအတွင်း မမျှော်လင့်သော အခြေအနေများကြောင့် နှောင့်နှေးမှုများရှိပါက ပြိုင်ပွဲကျင်းပရေးတာဝန် ခံနှင့် Judge ဒိုင်များအဖွဲ့မှ ဆုံးဖြတ်ဖြေရှင်းပေးပါမည်။




  • Contact Us


    Dr. Khine Moe Nwe

    Regional Contest Director (RCD)
    khinemoenwe@ucsy.edu.mm

    Dr. Phyu Hninn Myint

    Regional Committee Member (Co-RCD)
    phm.ucsy@ucsy.edu.mm

    U Pau Suan Mung

    Regional Contest Coordinator (RCC)
    pausuanmung@ucsy.edu.mm

    University of Computer Studies

    Yangon, Myanmar
    icpc@ucsy.edu.mm